KBZ Life Insurance

Personal Accident

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ


နေ့စဉ်လှုပ်ရှားသွားလာနေရသော သင်၏ကိုယ်ခန္ဓာသည် အသက်ရှင်လှုပ်ရှားနေသမျှ ကာလပတ်လုံး တန်ဖိုးမဖြတ်နိုင်သည့် အရာတစ်ခုဖြစ်ပါသည်။ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေရင်းဖြစ်စေ၊ သွားရင်းလာရင်းဖြစ်စေ၊ မမျှော်မှန်းနိုင်သော အကြောင်းတစ်ခုခုကြောင့် မတော်တဆထိခိုက်မှုများဖြစ်လာနိုင်ပါသည်။ မတော်တဆထိခိုက်မှုများကြောင့် ကိုယ်အင်္ဂါဆုံးရှုံးမှုဖြစ်ခြင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူရခြင်း၊ အလုပ်မလုပ်လုပ်နိုင်ခြင်းနှင့် အသက်ဆုံးရှုံးမှုများအတွက် မိမိအတွက်သော်လည်းကောင်း မိမိချစ်မြတ်နိုးရသည့် မိသားစုဝင်များအတွက်သော်လည်းကောင်း ငွေကြေးအထောက်အပံ့ရရှိစေရန် Personal Accident Insurance ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ထားရှိနိုင်ပါသည်။ အသက်(၁၆)နှစ် မှ အသက်(၆၅)နှစ်အတွင်းရှိသော ကျန်းမာရေးကောင်းမွန်သူတိုင်း ဝယ်ယူထားရှိနိုင်ပါသည်။ အသက်(၁၆)နှစ် မှ အသက်(၁၈)နှစ်အတွင်းရှိသူများအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူမှ ဝယ်ယူထားရှိပေးနိုင်ပါသည်။


ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ


အာမခံထားရှိသူရရှိမည့် အကျိုးခံစားခွင့်

§ အာမခံသက်တမ်းအတွင်း အာမခံထားသူ မတော်တဆမှုကြောင့်သေဆုံးခဲ့လျှင်အာမခံထားငွေ အတိုင်း နှင့်ထိခိုက်ဒဏ်ရာရလျှင် သတ်မှတ်ထားသည့် ရာခိုင်နှုန်းများအတိုင်း အကျိုးခံစားခွင့်ရရှိပါမည်။

§ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ရခြင်းနှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ရက်သတ္တပါတ်လျှင် အာမခံထားငွေ၏ ၃%ဖြင့် အများဆုံးအာမခံထားငွေ၏ ၁၅%ထက်မပိုသော ငွေကြေးအားခံစားခွင့်ရှိပါမည်။

§ ဝင်ငွေမရှာနိုင်လောက်အောင် ပြင်းထန်စွာထိခိုက်လျှင် မစွမ်းမသန်ဟု သတ်မှတ်ပြီး အာမခံထားငွေအပေါ် ဆရာဝန်များက သတ်မှတ်သော မစွမ်းမသန်မှုရာခိုင်နှုန်းအရ အကျိုးခံစားခွင့် ပေးလျော်ပါမည်။


§ အာမခံသက်တမ်း


§ (၃)လ၊ (၆)လ၊ (၁)နှစ် စသည်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါသည်။


ပရီမီယံနှုန်းထား


§ သာမန်အလုပ်အကိုင်များအတွက် အာမခံထားငွေ၏ ၀.၇% ကျသင့်မည်ဖြစ်ပါသည်။

§ တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း စသောအန္တရာယ်များသည့် အလုပ်အကိုင်အတွက် အာမခံထားငွေ၏ ၁% ကောက်ခံမည် ဖြစ်ပါသည်။

§ အာမခံသက်တမ်း (၃)လ၊ (၆)လများအတွက် (၁)နှစ်သက်တမ်း၏ အချိုးကျပရီမီယံကို တစ်ကြိမ်တည်း ပေးသွင်းရပါမည်။


§ မည်သို့အာမခံထားရှိရမည်နည်း


§ ကိုယ်အင်္ဂါထိခိုက်မှုအာမခံထားလိုလျှင် IKBZ ဝန်ထမ်း (သို့မဟုတ်) IKBZ အာမခံ ကိုယ်စားလှယ်များ နှင့် ဆက်သွယ်၍ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အောက်ပါလုပ်ငန်းစဉ် များကို ဆောင်ရွက်ရန်လိုအပ်ပါသည်။

§   (၁) အဆိုပြုလွှာဖြည့်စွက်ခြင်း
  (၂) ပရီမီယံပေးသွင်းခြင်း
  (၃) အဆိုပြုလွှာကိုလက်ခံသည့်အနေဖြင့် အကာအကွယ်ပြုလွှာ (လက်ခံလွှာ) / ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

§ အကယ်၍ အာမခံထားရန်အတွက် မည့်သည့်အကူအညီမဆို လိုအပ်ခဲ့ပါလျှင် ကျွန်ပ်တို့ IKBZ ဝန်ထမ်းနှင့် IKBZ ၏ သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။


§ မည်သို့လျှော်ကြေးတောင်းခံရမည်နည်း


§ လူကြီးမင်း အနေဖြင့် ကျွန်ပ်တို့ထံသို့ ချက်ချင်းအကြောင်းကြား ပေးရန်သာရှိပါမည်။ သို့မှသာ IKBZ ဝန်ထမ်းတစ်ဦးဦးမှ လူကြီးမင်းလျော်ကြေးတောင်းခံမည့် ကိစ္စရပ်များအတွက် ညွှန်ပြကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
IKBZ က လျော်ကြေးတောင်းခံရာတွင် အလျင်အမြန်ပေးလျော်နိုင်ရန်အတွက် အကူအညီများအား အသေအချာထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

image6