KBZ Life Insurance

Snake-bite Life Assurance

 မြွေအန္တရာယ်အာမခံ


မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင်သာမက အချို့မြို့ပေါ်ရပ်ကွက်များတွင် အချိန်မရွေးနေရာမရွေး မြွေအန္တရာယ်ကြုံတွေ့ နိုင်ပါသည်။ ပြည်သူအများမြွေအန္တရာယ်ကြုံတွေ့ရပါက ဆေးမြီးတိုဖြင့်ကုသနေမည့်အစား ကျန်းမာရေးဌာနများကို ယုံကြည်ဆက်သွယ် အားကိုးမှုပြုလာစေရန်၊ ဆေးဝါးကုသစရိတ ် အထောက်အပံ့ ရရှိစေရန်နှင့် မြွေကိုက်ခံရ၍အသက်ဆုံးရှုံးခဲ့ပါက ငွေရေးကြေးရေး အထောက်အကူရစေရန် ရည်ရွယ်လျှက် ကျွန်ုပ်တို့ IKBZ အာမခံကုမ္ပဏီက မြွေအန္တရာယ်အာမခံအား ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။


ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ


ဤပေါ်လစီအရမည်သည်တို့ကိုအကာအကွယ်ပေးထားသနည်း


အဆိပ်ရှိ မြွေအန္တရာယ်များမကြာခဏဖြစ်ပွားလေ့ရှိသည့် ကျေးလက်ဒေသများနှင့် အချို့မြို့ပေါ်ရပ်ကွက် များတွင် လုပ်ကိုင်နေသူများအတွက် မြွေကိုက်ခံရလျှင် ဆေးကုသစရိတ်ရရှိစေရန်နှင့် သေဆုံးသွားလျှင်လည်း ငွေရေးကြေးရေးအကျိုးခံစားခွင့် ရရှိစေရန် ကာကွယ်ပေးပါသည်။


အကာအကွယ်ရရှိနိုင်သည့်ဘေးအန္တရာယ်များ


ဤပေါ်လစီအရ အာမခံထားသူ၏ အာမခံသက်တမ်းအတွင်း အောက်ပါမတော်တဆ ဖြစ်ရပ်များအတွက် အကာအကွယ်ပေးပါသည်။

  • မြွေကိုက်ခံရ၍သေဆုံးခြင်း
  • မြွေကိုက်ခံရသော်လည်း အသက်မဆုံးရှုံးပဲ ခန္ဓာကိုယ်ချို့ယွင်းမှုဖြစ်ခြင်း


ဤပေါ်လစီအရအကျုံးမဝင်သောအဓိက ကိစ္စရပ်များမှာ
 

  • မြွေကိုက်ခြင်းမှတစ်ပါး အခြားမည်သည့်အကြောင်းနှင့်မဆိုသေဆုံးခြင်း၊      ကိုယ်အင်္ဂါထိခိုက်အနာတရဖြစ်ခြင်း၊ ဆေးကုသခြင်းတို့အတွက် အကျိုးခံစားခွင့်မရပါ။


အာမခံထားနိုင်သူများ


ကျား/မ မရွေး၊ အသက်အရွယ်မရွေး မြွေအန္တရာယ်ကြုံတွေ့နိုင်သူများ အာမခံထားရှိနိုင်ပါသည်။

  • အနည်းဆုံးအာမခံ (၁)ယူနစ်မှ အများဆုံး (၁၀)ယူနစ်အထိထားရှိနိုင်ပါသည်။
  • (၁)ယူနစ်ကိုလျှင် ကျပ် (၅) သိန်းနှုန်း


အာမခံသက်တမ်း


· မြွေအန္တရာယ်အာမခံသက်တမ်းမှာ (၁) နှစ်ဖြစ်ပါသည်။


ပရီမီယံနှုန်းထား


· ယူနစ်အလိုက် အာမခံထားငွေ၏ ၀.၁% နှုန်းဖြစ်ပါသည်။


ပရီမီယံကြေးပေးသွင်းခြင်း


· ပရီမီယံကြေးကို တစ်လုံးတစ်ခဲတည်းပေးချေရမည်ဖြစ်ပါသည်။


အကျိုးခံစားခွင့်များ

သေဆုံးခြင်း


အာမခံထားသူသည် မတော်တဆမြွေကိုက်ခံရခြင်းကြောင့် သေဆုံးခဲ့ပါက အာမခံ (၁) ယူနစ်လျှင် ကျပ် (၅) သိန်းနှုန်းဖြင့် အကျိုးခံစားခွင့်လွှဲပြောင်းပေးထားသူထံ တစ်လုံးတည်းပေးအပ်သွားမည်ဖြစ်ပါသည်။


ခန္ဓာကိုယ်ချို့ယွင်းခြင်း


အာမခံထားသူသည် မြွေကိုက်ခံရသော်လည်း အသက်မဆုံးရှုံးပဲ ခန္ဓာကိုယ်ချို့ယွင်းမှုဖြစ်လျှင် အောက်ပါအတိုင်း ပေးလျော်သွားမည်ဖြစ်ပါသည်။

  • မျက်စေ့နှစ်ဖက်ကွယ်လျှင် / ကိုယ်တစ်ပိုင်းသေလျှင်  ကျပ်      (၂.၅) သိန်း
  • ဆေးကုသစရိတ် အများဆုံးကျပ် ၈၀၀၀၀/-      အထိရရှိနိုင်မည် ဖြစ်ပြီး


မည်သို့အာမခံထားရှိရမည်နည်း


· ဤမြွေအန္တရာယ်အာမခံအရ အာမခံထားလိုလျှင် IKBZ ဝန်ထမ်း (သို့မဟုတ်) IKBZ အာမခံ ကိုယ်စားလှယ်များနှင့် ဆက်သွယ်၍ ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်လိုအပ်ပါသည်။

·   (၁) အဆိုပြုလွှာဖြည့်စွက်ခြင်း
  (၂) လိုအပ်သောစာရွက်စာတမ်းများစစ်ဆေးခြင်း
  (၃) ပရီမီယံကြေးပေးဆောင်ခြင်း
  (၄) အဆိုပြုလွှာကိုလက်ခံသည့်အနေဖြင့် အကာအကွယ်ပြုလွှာ (လက်ခံလွှာ) / ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

· အကယ်၍ အာမခံထားရန်အတွက် လိုက်လံဆောင်ရွက်ပေးရန် လိုအပ်ခဲ့ပါလျှင် ကျွန်ပ်တို့ IKBZ နှင့် ကိုယ်စားလှယ်များက ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။

· IKBZ နှင့် မည်သည့် ကိုယ်စားလှယ်ကို မဆိုဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ကိုယ်စားလှယ်မှ အာမခံထားခြင်းပြီးဆုံးသည်အထိ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။


မည်သို့လျှော်ကြေးတောင်းခံရမည်နည်း


အကယ်၍ ကံကြမ္မာဆိုးတစ်ခုခု ကျရောက်ကြုံတွေ့လာပါက စိုးရိမ်ပူပန်မှုများကို ကျွန်ပ်တို့ထံ ပေးပို့လိုက်ပါ။ သို့ရာတွင်

  • မြွေအန္တရာယ်အာမခံထားသည့် အာမခံထားသူတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း      သေဆုံးခြင်း၊ ခန္ဓာကိုယ်ချို့ယွင်းခြင်း ဖြစ်ပွားခဲ့ပါက ကျွန်ပ်တို့ထံသို့ ချက်ချင်းအကြောင်းကြားပေးရန်သာရှိပါမည်။      သို့မှသာ IKBZ ရုံး (သို့) IKBZ ကိုယ်စားလှယ် (သို့) IKBZ ဝန်ထမ်း တစ်ဦးဦးမှ လျော်ကြေးတောင်းခံမည့်      ကိစ္စရပ်များအတွက် ညွှန်ပြကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
  • လိုအပ်သော ဆေးစစ်ချက်စာရွက်စာတမ်းအထောက်အထားများ ပေးပို့ပေးရမည်      ဖြစ်ပါသည်။
  • အကျိုးခံစားခွင့်အတွက် မြွေကိုက်ခံရသည့်နေ့မှ (၆) လအတွင်းတောင်းခံရမည်။

IKBZ က လျော်ကြေးတောင်းခံရာတွင် အလျင်အမြန်ပေးလျော်နိုင်ရန်အတွက် အကူအညီများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

image39